available languages: englishBurmese June 24, 2016

Democracy Reporting International မှ ဖွင့်လှစ်မည့် မြန်မာ့ ဒီမိုကရေစီ Fellowship – သင်တန်းသား လျှောက်လွှာခေါ်ယူခြင်း

Democracy Reporting International မှ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲခြင်းအတွက် အားသွန်ခွန်စိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသော အရပ်ဘက် လူမှုအဖွဲ့အစည်းများအတွက် ၁၀ လတာ ကြာမြင့်ပြီး သင်တန်းပြီးဆုံးခြင်း လက်မှတ်ရရှိမည့် “မြန်မာဒီမိုကရေစီ Fellowship” အစီအစဉ်တစ်ခုအား စတင်မိတ်ဆက်ပေးလိုပါသည်။ “မြန်မာဒီမိုကရေစီ Fellowship”မှာ Charity Oriented Myanmar (COM) အဖွဲ့နှင့် ပူးပေါင်းဖွင့်လှစ်သည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။

“မြန်မာဒီမိုကရေစီ Fellowship” အစီအစဉ်တွင် အခြေခံဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို နှိုင်းယှဉ်ခြင်း၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု စသည့် သင်ရိုး (၄) ခုကို အခြေခံထားသည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။

“မြန်မာဒီမိုကရေစီ Fellowship” ၏ သင်ရိုးတစ်ခုသည် (၅) ရက်တာ ကြာမြင့်မည်ဖြစ်ပြီး အောက်ဖော်ပြပါ သင်ရိုးများဖြင့် ဖွဲ့စည်းထားသည်. . .

  • သင်ရိုး ၁ – အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေနှင့် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲခြင်း လုပ်ငန်းစဉ်များအား မိတ်ဆက်ခြင်း (၂၃ – ၂၇ စက်တင်ဘာ ၂၀၁၆)
  • သင်ရိုး ၂ – ဒီမိုကရေစီနိုင်ငံများ: အာဏာ ပိုင်းခြားခြင်း (၁-၅ ဒီဇင်ဘာ ၂၀၁၆)
  • သင်ရိုး ၃ – နိုင်ငံဖွဲစည်း တည်ဆောက်ပုံ: ဗဟိုအစိုးရ၏ လုပ်ပိုင်ခွင့်၊ အာဏာစသည်ကို ဒေသအစိုးရသို့ လွှဲပြောင်းပေးခြင်း၊ ဒေသန္တရအစိုးရနှင့် ပြည်နယ်များ ဗဟိုအစိုးရ လက်အောက်တွင် စုပေါင်းဖွဲ့စည်းရမည်ဟူသော ၀ါဒ လိုအပ်ချက်များ (၁၇-၂၁ ဖေဖော်ဝါရီ ၂၀၁၇)
  • သင်ရိုး ၄ – တာဝန်ယူမှု တာဝန်ခံမှု၊ စစ်မှန်သော ရွေးကောက်ပွဲများနှင့် နိုင်ငံရေးအရ ပါဝင်ဆောင်ရွက်နိုင်ခြင်း (၁၇-၂၁ ဖေဖော်ဝါရီ ၂၀၁၇)

“မြန်မာ ဒီမိုကရေစီ fellowship” မိတ်သဟာရအစီအစဉ်တွင် ပါဝင်ခြင်းအားဖြင့် လူမှုပေါင်းသင်း ဆက်ဆံရေး ကွန်ယက်သည် ကျယ်ပြန်လာမည်ဖြစ်ပြီး လှုပ်ရှားမှုများမှ တစ်ဆင့် ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များ၊ မြန်မာနိုင်ငံမှ အမှုဆောင်အရာရှိများနှင့် အခြား လူထုအခြေပြု အဖွဲ့အစည်းများမှ အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံနိုင်ခွင့်ရှိသည်။ “မြန်မာ ဒီမိုကရေစီ fellowship” အစီအစဉ်သည် မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီစနစ်အား အကောင်အထည်ဖော်ဆောင်ရာတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ စွမ်းရည်များအား အထက်ဖော်ပြပါ အဓိက အခန်းကဏ္ဍများတွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်သည်။

ရွေးချယ်ခံရသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် “မြန်မာ ဒီမိုကရေစီ fellowship” မှ ရေးဆွဲထားသည့် သင်ရိုးညွှန်းတမ်းပြီးဆုံးသည်အထိ တက်ရောက်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ စုစုပေါင်း သင်တန်းသား ၂၀ အား ရွေးချယ်ခန့်အပ်မည် ဖြစ်ပြီး သင်တန်း လျှောက်ထားရန် နောက်ဆုံးရက်မှာ ၁၅ ရက် ဇူလိုင်လ ၂၀၁၆ ဖြစ်ပါသည်။

 

လျှောက်လွှာများကို အောက်ဖော်ပြပါ link တွင် အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း မြန်မာဘာသာဖြင့် လည်းကောင်း ကူးယူရရှိနိုင်ပါသည်

Democracy Fellowship Application Form_EN

Democracy Fellowship Application Form_MM