available languages: englishFrançaisBurmese October 25, 2019

ဆိုရှယ်မီဒီယာပေါ်မှတစ်ဆင့်ရွေးကောက်ပွဲများတွင် ဝင်ရောက်စွတ်ဖက်မှုဆိုင်ရာဖြစ်စဉ်များသည် လက်တလောမှာ အဓိကအာရုံစိုက်စရာကိစ္စဖြစ်လာပါသည်။ ဒီလိုဖြစ်စဉ်များကနေ စိုးရိမ်စရာအန္တရာယ်သဖွယ်ဖြစ်လာရတာခြင်းသည် သတင်းအချက်အလက်အမှားများနှင့် အမုန်းစကားများကို အသုံးချပြီး နိုင်ငံရေးဆိုင်ရာသဘောတရားအမြင်များကို ကြိုးကိုင်ခြယ်လှယ်ကြသူများနှင့် အင်တာနက်မှအလိုအလျောက်စနစ်များ သို့မဟုတ် နိုင်ငံရေးဆိုင်ရာကြေငြာများကိုအသုံးချကာ သတင်းစကားများဖြန့်ဝေကြသူများကြောင့်ဖြစ်ပါသည်။ အဓိကပြဿနာကတော့ ရွေးကောက်ပွဲများအကြောင်းကို ဆိုရှယ်မီဒီယာပေါ်ကနေတဆင့်ငြင်းခုန်ဆွေးနွေးချက်များနှင့်ပတ်သက်၍အမှန်တကယ်ရရှိတဲ့သတင်းအချက်အလက်များက အနည်းငယ်သာရှိတဲ့အတွက်ကြောင့်ပဲဖြစ်ပါသည်။

ဥရောပသမဂ္ဂအစိုးရ၏လမ်းညွှန်ချက်နှင့် အညီ လူထုအခြေပြုအဖွဲ့အစည်းများအတွက် DRIမှပြင်ဆင်ပြုစုရေးသားထားသောရွေးကောက်ပွဲကာလအတွင်းဆိုရှယ်မီဒီယာကိုစောင့်ကြည့်လေ့လာခြင်းဆိုင်ရာ လမ်းညွှန်လက်ဆွဲစာအုပ်သည် စာဖတ်သူများအား ဤစိန်ခေါ်မှုများက ဒီမိုကရေစီအပေါ်မည်ကဲ့သို့ သက်ရောက်နိုင်သည်ကို နားလည်စေရန်၊ ပိုမိုကောင်းမွန်သောနားလည်မှုများဖြင့် ဤဖြစ်စဉ်များအားစောင့်ကြည့်လေ့လာနိုင်စေရန်    နှင့် ပွင့်လင်းမြင်သာသော ရေးသားချက်များပေါ်ပေါက်စေရန် ရည်ရွယ်ထားပါသည်။ ဤစာအုပ်သည် စောင့်ကြည့်လေ့လာရေးလုပ်ငန်းအစီအစဉ်များအတွက် မူဘောင်တစ်ခုအနေဖြင့် ထောက်ကူပေးနိုင်ရန်ရည်ရွယ်၍ ပိုမိုကောင်းမွန်သော စည်းမျဉ်းများပေါ်ပေါက်လာစေနိုင်မည့် နည်းဗျူဟာများ နှင့် ဒီမိုကရေစီဆိုင်ရာအကျယ်တဝင့်ရေးသားချက်များအပေါ် ကျရောက်လာနိုင်တဲ့ခြိမ်းခြောက်မှုများကို သက်သေအချက်အလက်များနှင့်တကွ မည်ကဲ့သို့ တန်ပြန်ကာတားဆီးနိုင်ကြမလဲဆိုသည်များကို လမ်းညွှန်ထားပါသည်။

စာအုပ်တွင် စာဖတ်သူများအား မိမိတို့ စောင့်ကြည့်‌လေ့လာရေးလုပ်ငန်းများမစခင်တည်းက ပြင်ဆင်စဉ်းစားထားသင့်တဲ့ နည်းဗျူဟာမေးခွန်း ၄ မျိုးကိုလည်းလမ်းညွှန်ဖော်ပြထားပါသည်။ မည့်သည့်လုပ်ငန်းကိုစောင့်ကြည့်လေ့လာသင့်သလဲ ၊ စံထားရမည့် အချိန်သက်တမ်းကဘာလဲ၊ မည့်သည့်အကြောင်းအရာများနှင့် ပါဝင်သူများကို စောင့်ကြည့်လေ့လာရန်လိုအပ်သလဲ စသဖြင့် လမ်းညွှန်ထားပါသည်။ စာဖတ်သူတွေအနေနဲ့ လက်တွေ့အသုံးချလို့ရတဲ့ အချက်အလက်များဖြစ်သည့် ဒေတာများကိုမည်ကဲ့သို့ရယူမလဲ၊ မည်သည့်နည်းလမ်းများကိုအသုံးပြုကြမလဲနှင့် ရရှိလာတဲ့ဒေတာများကို ကျင့်ဝတ်နှင့်အညီ မည်ကဲ့သို့ အသုံးပြုကြမလဲဆိုတာကို လေ့လာသိရှိနိုင်ပါသည်။ စာအုပ်တ္ငင် ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်၌ မည်သည့် ဥပဒေမူဘောင်များကို ကျင့်သုံးနိုင်မလဲ နှင့် ဆိုရှယ်မီဒီယာသည် နိုင်ငံရေးဆိုင်ရာရေးသားချက်များကို မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိနိုင်သလဲဆိုတာကို လေ့လာသုံးသပ်နိုင်ရန် လမ်းညွှန်ထားပါသည်။ နောက်ဆုံးအနေနဲ့ စာဖတ်သူများဟာ ရရှိလာသောတွေ့ရှိချက်များကို အကျိုးသက်ရောက်မှုအရှိဆုံးနည်းလမ်းဖြင့် မည့်သည့်အချိန်မှာ မည်ကဲ့သို့ အစီရင်ခံရမည်ကိုလည်း လေ့လာနိုင်ပါလိမ့်မည်။

ယခုလမ်းညွှန်စာအုပ်သည် ဥရောပသမဂ္ဂအစိုးရမှ ရန်ပုံငွေထောက်ပံ့ထားသည့် ပဏာမခြေလှမ်းဖြစ်သော “Supporting Democracy” programme အောက်တ္ငင် ပါဝင်လုပ်ဆောင်နေသည့် ကမ္ဘာအနှံ့မှ ပညာရှင် အယောက် ၂၀ ၏ အကူအညီများအပါအဝင် DRI ၏သုတေသနညှိနှိုင်းရေးမှူးဖြစ်သူ Rafael Goldzweig နှင့် အလုပ်အမှုဆောင်ဒါရိုက်တာဖြစ်သူ Michael Meyer-Resende တို့မှ ပြုစုရေးသားခဲ့ခြင်းဖြစ်ပါသည်။ ဤလေ့လာသုံးသပ်မှုသည် ဥရောပ ၊ အာဖရိဖ နှင့် အာရှတို့မှ လှုမှုကွန်ယက် မီဒီယာများကို လေ့လာထားသည့် DRI ၏ ကိုယ်ပိုင်အတွေ့အကြုံများကို အခြေခံထားပါသည်။

Read here